ဘောလုံးမင်းသားနဲ့ လွမ်းစရာနေ့ရက်များ

Written by Admin Team


ကျွန်တော် အခု ရေးပြချင်တဲ့ အကြောင်းကတော့ မန်ယူ အားပေးသူ ညီအစ်ကို မောင်နှမတွေ ဘောလုံးမင်းသား ဆိုရင် ဘယ်သူလို့  ထင်နေကြပါသလဲ ခင်ဗျာ။ စဉ်းစားစရာ အများကြီး မလိုပါဘူး။ အဲ့ဒီ ကစားသမားကတော့ မန်ယူမှာ အစဉ်အလာ ကြီးတဲ့ နံပါတ် ခုနှစ် ပိုင်ရှင် ဒေးဗစ်ဘက်ခမ်း ပဲဖြစ်ပါတယ်။

ဒေးဗစ်ဘက်ခမ်း ဆိုပြီး နာမည် ကြားလိုက်ရင် ဘောလုံးလောကမှာတော့ ဘောလုံးမင်းသား ဆိုပြီး နာမည်ကြီး ခဲ့ပါတယ်။ အခု အချိန် အထိလဲ ဘောလုံမင်းသား ဆိုပြီး နာမည် ကြီးနေတုန်းပါပဲ။ ကျွန်တော် အခု ပြောချင်တာကတော့ ဒေးဗစ်ရဲ့  မန်ယူအသင်းနဲ့  အောင်မြင်မူတွေနဲ့  ငယ်ဘဝ အကြောင်းတွေကို ပြန်လည် ဖော်ပြပေးသွားဖို့ အတွက် ဒီဆောင်းပါကို ရေးလိုက်ခြင်း ဖြစ်ပါတယ်။ ပထမဆုံး အနေနဲ့  ဒေးဗစ်ကို မွေးဖွားခဲ့တဲ့ နေရာကတော့ Leytonstone London England ဖြစ်ပါတယ်။ ဒေးဗစ်က လန်ဒန်ဖွား တစ်ယောက် ဖြစ်နေတာကတော့ အံ့သြဖို့  ကောင်းနေသလိုပဲ။ ဒေးဗစ်ဟာ သူရဲ့  ငယ်စဉ် ကစားသမား ဘဝကိုတော့ တော့တင်ဟမ် စပါး အသင်းမှာ  စတင်ခဲ့တာ ဖြစ်ပါတယ်။ စပါးအသင်း ကနေ မှတစ်ဆင့် Brimsdown Rovers အသင်းကို ပြောင်းရွှေ့ ကစားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ မန်ချက်စတာ ယူနိုက်တတ်လို့ ခေါ်တဲ့ သရဲနီ အသင်းကြီးကို ပြောင်းရွှေ့ ခဲ့တာ ဖြစ်ပါတယ်။


မန်ယူအသင်းကို ဒေးဗစ် ပြောင်းခဲ့ရတဲ့ အကြောင်းအရင်းရဲ့  အဓိကကို ရှာဖွေ လိုက်မယ် ဆိုရင်တော့ ဒေးဗစ်ရဲ့ မိဘတွေဟာ မန်ချက်စတာ ယူနိုက်တတ် အသင်းကို အရူးအမူး အားပေးကြတဲ့ ပရိတ်သတ်တွေ ဖြစ်နေကြပါတယ်။ အဲ့လိုနဲ့ပဲ ဒေးဗစ်ဟာ မန်ယူ လူငယ်အသင်းကို စရောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၂ မေလမှာ ဒေးဗစ် မန်ယူလူငယ် အသင်းနဲ့  ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ ပွဲကတော့ လူငယ် FA ဖလား ရရှိခဲ့တဲ့ နှစ် ဖြစ်တဲ့ Crystal Palace နဲ့ ကန်တဲ့ပွဲမှာ စတင် ပါဝင်လာပြီး ဂိုးသွင်း ယူပေးခဲ့တယ်။ လူငယ်အသင်းမှာ ဒေးဗစ်ရဲ့ အရည်အချင်းတွေဟာ တစ်ပွဲပြီး တစ်ပွဲ  တိုတတ်မူတွေ ရှိလာခဲ့တယ်။ ဒါကြောင့် မန်ယူအသင်းက ဒေးဗစ်ကို ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်အဖြစ် အသင်းနဲ့ အတူ စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်ဟာ စာချုပ်ချုပ်ပြီး မကြားခင်မှာပဲ လူငယ် FA ဖလား ဖိုင်နယ်အဆင့်ကို မန်ယူလူငယ် အသင်းနဲ့ အတူ တက်ရောက်ခဲ့ပြန်တယ်။ အဲ့ပွဲကတော့ လိဒ်ယူနိုက်တတ် အသင်းနဲ့ ကန်တဲ့ လူငယ် FA ဖလားပွဲဖိုင်နယ်မှာ ပါဝင်ခဲ့ပြီး နောက်ထက် လူငယ်ဖလား တစ်လုံးကို မန်ယူလူငယ် အသင်းနဲ့ အတူ ထပ်ယူပြ နိုင်ခဲ့တယ်။ သို့ သော်လည်း ဒေးဗစ်ဟာ အသင်းနဲ့ အတူ ပထမပွဲထွက် ကစားသမား အနေနဲ့တော့ ကစားခဲ့ရခြင်း မရှိခဲ့ပါဘူး။ ဒီဇင်ဘာလ ၇ရက်နေ့  ၁၉၉၄ခုနှစ် မှာတော့ ဒေးဗစ် မန်ယူ အသင်းကြီးမှာ ကစားခွင့် ရရှိခဲ့ပါတယ်။ အဲ့ပွဲကတော့ ချန်ပီယံလိဂ်ပွဲ ဖြစ်တဲ့ ဂါလာတာဆာရေး ကို ၄-၀ ဖြင့် နိုင်ခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ ထိုပွဲမှာပင် ဒေးဗစ်က သူ့ ရဲ့ စွမ်းရည်တွေကို ထုတ်ပြပြီး အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီခေတ်တုန်းက ဒေးဗစ် ခြေစွမ်းပြနေတာ မှန်ပေမဲ့ မန်ယူလို အသင်းကြီးမှာ အမြဲနေရာ ရဖို့ ကတော့ ဒီထက် ပိုတိုးတတ်ဖို့ လိုနေတာတော့ အမှန်ပင် ဖြစ်သည်။ မန်ယူအသင်းက ဒေးဗစ်ကို အတွေ့ အကြုံ ပိုရအောင် ဆိုပြီး Perston North End ကိုအငှား တစ်ရာသီသွား ကစားခိုင်း ခဲ့ပါတယ်။ ထူးခြားချက်ကတော့ Perston North End ကို အငှား သွားကစားခဲ့တဲ့ရာသီမှာပဲ ကော်နာကနေ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒေးဗစ်ဟာ Perston North End အသင်းနဲ့ အတူ အတွေ့အကြုံ အသစ်တွေယူပြီး မန်ယူအသင်းကို ၁၉၉၅ ဧပြီလမှာ ပြန်လည် aရာက်ရှိခဲ့ပါတယ်။ ဒေးဗစ်ဟာ မန်ယူကို ပြန်ရောက် ရှိခဲ့တဲ့ ရာသီမှာတော့ လေးပွဲပဲ ပါဝင် ကစားခဲ့ပါတယ်။ အဲဒီရာသီမှာ မန်ယူအသင်းဟာ Blackburn Rovers ရဲ့ နောက် ဒုတိယသာ ရရှိခဲ့ပြီး ဖလားကို လက်လွတ်ခဲ့ရခါ ရာသီသိမ်းခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ယူနိုက်တတ် နည်းပြကြီး ဖာဂူဆန်ကြီးက သူရဲ့ လူငယ်အသင်းက ကစားသမားတွေကို ယုံကြည်စွာနဲ့ နေရာပေးဖို့  ဆုံးဖြတ်ခဲ့ပါတယ်။ နည်းပြကြီးဟာ မန်ယူအသင်းရဲ့ ရွှေခေတ်ကို ပုံဖော်ဖို့ အတွက် ဒေးဗစ်နဲ့ အတူ Nicky Butt, Gary နဲ့  Phil Neville ညီနောင်တို့ကို စတင်ပြီး နေရာပေး ခဲ့ပါတယ်။

၁၉၉၄ - ၁၉၉၅ ရာသီတွေမှာတော့ မန်ယူအသင်းက စီနီယာ ကစားသမားတွေ ဖြစ်တဲ့ Paul Ince, Mark Hughes နဲ့ Andrei Kanchelski တို့ အသင်းကနေ့ ထွက်ခွာသွား ခဲ့ပါတယ်။ ထွက်ခွာသွားခဲ့တဲ့ စီနီယာ ကစားသမားတွေ နေရာမှာ အစားထိုးဖို့ကို ယူနိုက်တက် နည်းပြကြီးက လူငယ် ကစားသမားတွေနဲ့ ပေါင်းစပ်ဖို့ အတွက် တစ်ခြား ကလပ်အသင်းက နာမည်ကျော် ကစားသမားတွေကို ဆက်သွယ်ခဲ့ပါတယ်။ အဲလို ဆက်သွယ်တဲ့ အချိန်မှာ အဲဒီအချိန်က အီတလီ နာမည်ကြီး ကစားသမား ဘတ်ကီယိုကို ခေါ်ဖို့ အတွက် ကြိုးစားခဲ့ ပါသေးတယ်။ သို့သော်လည်း ဘယ်နာမည်ကြီး ကစားသမားကိုမှ စာချုပ် ချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒေးဗစ်ဟာ မန်ယူအသင်းမှာ အလယ်တန်း ကစားသမားအဖြစ် ပါဝင်ကစား ခဲ့တာ ဖြစ်ပါတယ်။ သို့ သော်လည်း ဒေးဗစ်ဟာ မန်ယူအသင်းမှာ ကစားသွားတဲ့ စီနီယာ ကစားသမားကြီး Andrei Kanchelski နေရာဖြစ်တဲ့ ညတောင်ပံ ကစားသမား နေရာကို စတင် တာဝန်ယူပြီး ခြေစွမ်းပြသ ခဲ့ပါတယ်။ ဒေးဗစ်ဟာ ညာတောင်ပံ ကစားသမား အဖြစ် စတင် တာဝန်ယူပြီး ချယ်လ်ဆီး အသင်းနဲ့  FA ဖလား ဆီမီးဖိုင်နယ် အနိုင်ရတဲ့ ပွဲမှာလဲ မန်ယူအသင်းကို အစွမ်းကုန် ကူညီပေးခဲ့ပြီး နောက်ထက် FA ဖလားဖိုင်နယ်ကို တတ်ရောက်သွားတဲ့ အခါမှာလဲ ကန်တိုနာ ဂိုးသွင်းခွင့်ရအောင် ကော်နာကနေ ဖန်တီးပေးခဲ့ ပါသေးတယ်။ ဒေးဗစ်ဟာ လူငယ် ကစားသမား ဘဝကတည်းက ဖရီးကစ်အကန် ကောင်းသူ ဖြစ်ပြီး ကစားသမားတွေ ဘယ်နေရာရောက်နေတယ် ဆိုတာကို လှည့်ကြည့်စရာ မလိုလောက်အောင် ရေဒါ တတ်ထားတလို တိကျတဲ့ ပံ့ပိုးမူတွေ့ လုပ်ပေးနိုင်ခဲ့ပါတယ်။

ဒေးဗစ်ဟား မန်ယူ ကစားသမား အဖြစ် ပုံမှန် ပွဲထွက်ခွင့်တွေ ရနေပေမဲ့လဲ နိုင်ငံလက်ရွှေးစင် ကစားသမား ဘဝကိုတော့ ယူရိုဖလား ၁၉၉၆ ခုနှစ် အထိ ပိုင်ဆိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ ဒေးဗစ် အနေနဲ့ လုံလောက်တဲ့ အရည်အချင်းက မရှိသေးတာလား ဒါမှမဟုတ် သူ့အနေနဲ့ သင်ယူစရာတွေ လိုနေသေးတာလား ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်စရာတွေ ရှိလာပါတယ်။ ဒါပေမယ့် အဲဒီ အကြောင်းပြချက်တွေ တစ်ခုမှ မဟုတ်ဘဲ အဲဒီ အချိန်တုန်းက နိုင်ငံလက်ရွှေးစင်မှာလဲ တစ်ကယ်ကို နာမည်ကြီး ကစားသမားတွေဟာ နေရာ တစ်နေရာအတွက် အခိုင်အမာ ရှိနေတာကြောင့် ဒေးဗစ်အနေနဲ့  နိုင်ငံလက်ရွှေးစင် အသင်းမှာ ပါဝင် ကစားခွင့် မရခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆-၁၉၉၇ ရာသီကို ရောက်လာတဲ့ အချိန်အခါမှာတော ယူနိုက်တတ်အသင်းရဲ့  တိုက်စစ်မူး မာဟုခ်ျ အသင်းကနေ ထွက်ခွား သွားခဲ့ပါတယ်။ မာဟုခ်ျ အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် လစ်ဟာနေတဲ့ ကျောနံပါတ် ၁၀ ကို ဒေးဗစ် တစ်ယောက် ဆက်ခံခွင့် ရရှိခဲ့ပါတယ်။

ဒေးဗစ် စတင်ပြီး နာမည်ကြီး သွားတဲ့ဂိုးသွင်းမှုကတော့ Wimbledon နဲ့ ကန်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ထိုပွဲမှာ မန်ယူအသင်းဟာ Wimbledon အသင်းကို ၂-၀ဖြင့် ဂိုးပြတ် ဦးဆောင်နေပါတယ်။ အဲ့အချိန်မှာ ဒေးဗစ် သွင်းယူလိုက်တဲ့ ဂိုးကတော့ မန်ယူပရိတ်သတ်တင် မဟုတ် ဘောလုံးဇာတ်ခုံပေါ်က ကစာသမား ပရိတ်သတ်တွေ အတွက် အံ့သြစရာ ဂိုးတစ်ဂိုးကို ဒေးဗစ် တစ်ယောက် သွင်းယူပေးခဲ့ခြင်း ဖြစ်ပါတယ်။ Wimbledon ဂိုးသမား Nevil Sullivan ဟာ ဂိုးပေါက်နဲ့  ဝေးသလို ထင်ရတဲ့ နေရာမှာ မတ်တပ် ရပ်နေတာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ ဒေးဗစ်က သတိထားမိ လိုက်ပါတယ်။ သူကန်တင်လိုက်ရင် ဂိုးနိုင်တယ်ဆိုတာကိုပေါ့။ ဒေးဗစ် တစ်ယောက် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ် လိုက်ပါတယ်။ အဝေးကစ်လေးနဲ့ အသာအယာ ကန်လိုက်တာ ဘောလုံးက ဂိုးသမားကို ကျော်ပြီး ဂိုးပိုက်နဲ့ မိတ်ဆက်သွား ပါတော့တယ်။ အဲဒီမှာ ဒေးဗစ်ဘက်ခမ်း ဆိုပြီး ပရိတ်သတ်တွေရဲ့ သတိထားမိခြင်းကို ပိုမို ရရှိခဲ့ပါတယ်။ ဒေးဗစ်ရဲ့ ထူးချွန်မှုတွေကြောင့် ၁၉၉၆-၁၉၉၇ ခုနှစ် ရာသီမှ PFA လူငယ်ကစားသမား အဖြစ် ရွေးချယ်ခံ့ ခဲ့ရပါတယ်။

၁၉၉၇ မေလ ၁၈ရက်နေ့ မှာတော့ သရဲနီတို့ ရဲ့ နာမည်ကြီး ကစားသမားကြီး ကန်တိုနာ တစ်ယောက် ဘောလုံးကစားသမား ဘဝကနေ အနားယူ ခဲ့ပါတယ်။ အဲ့အချိန်မှာတော့ စပါးအသင်းကနေ ရှာရင်ဂမ် ရောက်ရှိ လာပါတယ်။ ဒေးဗစ့်ဟာ သူ ဝတ်ဆင်နေကြ ဂျာစီ နံပါတ် ၁၀ ကို ရှာရင်ဂမ်ကို ပေးပြီး အသင်းရဲ့  aမှာ်ဝင်ဆန်တဲ့ ဂျာစီ နံပါတ် ၇ ကိုဝတ်ဆင်ခွင့် ရရှိခဲ့ပါတယ်။



ဒေးဗစ် တစ်ယောက် နံပါတ် ၇ ကိုဝတ်ဆင်ခဲ့တဲ့ အချိန်က စပြီး မန်ယူအသင်း အတွက်တော့ စိတ်ဝင်စားမူတွေဟာ တစ်နေ့ပြီး တစ်နေ့ ရောက်ရှိလာပြီး မန်ယူအသင်းရဲ့ ရွှေခေတ်ကို ရောက်ရှိဖို့  မဝေးတော့တဲ့ နေရာ တစ်နေရာကို ခရီးဆက် နေသလို ဖြစ်နေပြီး ၁၉၉၇-၁၉၉၈ ရာသီမှာတော့ ယူနိုက်တတ်ဟာ အစကောင်းခဲ့ပေမဲ့ ပြိုင်ဖက် အာဆင်နယ် အသင်းရဲ့ နောက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ ရပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ အကောင်းဆုံး အချိန်ကို ရောက်ရှိလို့  လာပါပြီ။ ၁၉၉၈-၁၉၉၉ ခုနှစ် ရာသီပဲ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ သရဲနီတွေ တစ်ယောက်ပြီး တစ်ယောက် မွေးဖွားခဲ့သလို မန်ယူအသင်းရဲ့  ရွှေခေတ် ဆိုပြီး ဘောလုံးပရိတ်သတ်တိုင်း သိနေကြပါတယ်။

အဲဒီ ရာသီမှာ ဒေးဗစ် တစ်ယောက် သမိုင်းဝင် ဖလားသုံးလုံးကို တစ်နှစ်ထဲမှာ ရခဲ့တဲ့ တစ်ဦးတည်းတော့ အင်္ဂလန် ကလပ်အသင်း အဖြစ် မှတ်တမ်း ဝင်ခဲ့တဲ့ သရဲနီ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပါဝင် ကစား ခဲ့ပါတယ်။ ကျွန်တော် စာရေးသူ အနေနဲ့  သတိထားမိ ခဲ့တာကတော့ သရဲနီ ကစားသမားတွေရဲ ထူးခြားမှုတွေပဲဗျ။ ၁၉၉၉ ခုနှစ် ဖလားသုံးလုံးရတဲ့ နှစ်မှာ ဒေးဗစ်ဟာ မန်ယူအသင်းရဲ့  ကွင်းလယ်ကစားသမား နေရာကို တာဝန်ယူသွား ခဲ့ပါတယ်။ အဲဒီပွဲမှာ အသင်းရဲ့  သံမဏိ ကွင်းလယ် ကစားသမားကြီး ရွိုင်ကိန်းနဲ့ အဝေးပေးတွေမှာ ဆရာတစ်ဆူ ဖြစ်တဲ့ ပေါလ်စခိုးလ်တို့ရဲ့ နေရာကို ဟာကွက် မရှိအောင် လိုက်ဖြည့်ပြီး ဒေးဗစ် ကစားသွားတာ ကတော့ တစ်ကယ်ကို လေးစားလောက်စရာပါ။ ဒေးဗစ် အနေနဲ့ မန်ယူမှာ စတင် ကစားခဲ့တာ ကွင်းလယ် ဖြစ်ပါတယ်။ သို့ သော်လည်း နောက်ပိုင်းမှာ ညာတောင်ပံ ကစားသမား အဖြစ် ခြစွမ်း ပြခဲ့ပြီး နာမည်ကြီး လာခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် စာရေးသူ ပြောချင်တာကတော့ သရဲနီ ကစားသမား တစ်ယောက်ဟာ အရေးကြီးလာတဲ့ အချိန်ကျရောက်လာပြီဆိုရင်တော့ ဘယ်နေရာမှာ မဆို ကစားပြီး အသင်း အပေါ် ပေးဆပ်ချင်တဲ့ စိတ်ကတော့ ဘယ်အသင်းမှာမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ အခု လက်ရှိ ရွန်းနီး၊ ဖီလ်းဂျူံး တို့ ဟာ သက်သေတွေပဲ ဖြစ်ပါတယ်။

၁၉၉၉ခုနှစ် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ကစားခဲ့တဲ့ ဖိုင်နယ်မှာတော့ ဒေးဗစ်ရဲ့ တိကျတဲ့ ကော်နာ ဖြတ်တင်ဘောတွေ ကနေပြီး နောက်ဆုံး မိနစ် တိုက်ပွဲခေါ်သံ ဆိုပြီး အနိုင်မခံ အရူံးမပေး သရဲနီသွေး ရဲရဲ တောက်စေလော့ဟု ဆိုကာ တစ်သင်းလုံး စိတ်ဓာတ်မြင့်တင်ပြီး ချန်ပီယံလိဂ် ဖလားကို ထိုက်တန်စွာ ရယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒေးဗစ်ဟာ ၁၉၉၈-၁၉၉၉ ခုနှစ် ရာသီမှာ ထင်ပေါ် ကျော်ကြားတဲ့ ဘောလုံး ကစားသမား တစ်ယောက် ဖြစ်လာ ခဲ့ပါတယ်။ သို့ သော်လည်း ဒေးဗစ် တစ်ယောက် တစ်ခြားဖန်တွေ သတင်းထောက်တွေ နဲ့ တော့ အဆင်ပြေခြင်း မရှိခဲ့ပါ။ မန်ချက်စတာ ယူနိုက်တတ် အသင်းဟာ ချန်ပီယံလိဂ် ဖလား ရရှိခဲ့တာကြောင့် ချန်ပီယံကြီးများ ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ ဖိုင်နယ်မှာ Necaxa အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဒေးဗစ်လည်း အသင်းကနေ အထုတ်ခံ ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ အဖြစ်အပျက်တွေကြောင့် ဒေဗစ် တစ်ယောက် သူ အရမ်း ချစ်တဲ့ မန်ချက်စတာ ယူနိုက်တတ်လို့  ခေါ်တဲ့ သရဲနီအသင်းကြီးကို မကြာခင် စွန့် ခွာပြီး  အသင်းကလည်း သူ့ ကို ရောင်းချဖို့ အတွက် ပြင်ဆင်နေတယ် ဆိုပြီ သတင်းတွေ ထွက်လာပါတယ်။ သို့ သော်လည်း နည်းပြကြီးက ဒေးဗစ်ကို အသင်းကနေ ထွက်ခွာခွင့် မပြုခဲ့ပဲ အသင်းမှာပဲ ဆက်ရှိနေစေ ခဲ့ပါတယ်။ ၁၉၉၉-၂၀၀၀ ခုနှစ် ရာသီမှာတော့ ဒေးဗစ် ကို အီတလီ နာမည်ကြီး ကလပ် ဂျူဗင်တပ် အသင်းကို ရောင်းချဖို့  အတွက် ဆွေးနွေးခဲ့ ပါသေးတယ်။ သို့ သော်လည်း အပြောင်း အရွှေ့ ကတော့ ဖြစ်လာခြင်း မရှိခဲ့ပါ။ ဒေးဗစ်ဟာ မန်ယူအသင်း အတွက် ၁၉၉၉-၂၀၀၀ခုနှစ် ရာသီမှာ မန်ယူအသင်း အတွက် ပရီးမီးယားလိဂ် ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင် ခဲ့ပါတယ်။ အဲ့လိုနဲ့ ဒေးဗစ်ဟာ မန်ယူရဲ့  အဓိက ကစားသမား တစ်ယောက် အဖြစ် ခြေးစွမ်း ပြသခဲ့ပြီး ၂၀၀၀-၂၀၀၁ ရာသီမှာ ယူနိုက်တတ် အတွက် ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်ခွင့် ရအောင် ကူညီပေးခဲ့ ပြန်တယ်။


ဧပြီလ ၂၀၀၂ ခုနှစ်မှာတော့ ဒေးဗစ် တစ်ယောက် ဒဏ်ရာ ရခဲ့ပါတယ်။ ဒီပို့ဒီပိုနဲ့  ချန်ပီယံလိဂ် ကန်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဒေးဗစ် တစ်ယောက် ဒဏ်ရာကြောင့်ပဲ မန်ယူ အသင်းရဲ့ တစ်ရာသီလုံး ပွဲစဉ်တွေကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ သို့ သော်လည်း မန်ယူအသင်းက ဒေးဗစ်ကို အသင်းမှာ ဆက်နေဖို့ အတွက် သုံးနှစ် သတ်တမ်းတိုး စာချုပ်ကို ဆက်လက် ချုပ်ဆိုပြီး အသင်းမှာ ထိန်းထားနိုင် ခဲ့ပါတယ်။ ၂၀၀၁-၂၀၀၂ မှာတော့ ဒေးဗစ်ဟာ အရမ်းကို အောင်မြင် ကျော်ကြားနေပြီ ဖြစ်တဲ့ ဘောလုံးမင်းသား တစ်ပါး ဖြစ်လာပြီ ဖြစ်ပါတယ်။ အသင်းရဲ့ ဖရီးကစ် စပယ်ရှယ်လစ် ကစားသမား အဖြစ် သာမက တစ်ခြား လူမှုရေးတွေမှာလည်း ထိရောက်တဲ့ ပံ့ပိုးမှုတွေ ဒါ့အပြင် အသင်း အတွက်လည်း အရမ်းကို အကျိုးပြုတဲ့ ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီရာသီမှာ ဒေးဗစ်ဟာ မန်ယူအသင်း အတွက် ၂၈ ပွဲ ကစား အပြီးမှာ ၁၁ဂိုး သွင်းပေး ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ တစ်ရာသီလုံး အားလုံးပေါင်း ၄၂ ပွဲ ကစားခဲ့ပြီး ၁၆ဂိုး သွင်းယူ ပေးနိုင်ခဲ့ကာ အသင်း အတွက် မရှိမဖြစ် အဖိုးတန် ကစားသမား တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၂၀၀၂-၂၀၀၃ ရာသီမှာတော့ ဒေးဗစ်တစ်ယောက် ဒဏ်ရာ ပြန်ရခဲ့တာကြောင့် မန်ယူအသင်းမှာ ပါဝင် ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒေးဗစ်ရဲ့ နေရာကို ဆိုလ်ရှားလ်က တာဝန်ယူပြီး ညာတောင်ပံ ကစားသမား အဖြစ် ကစားပေး ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ရခဲ့တဲ့ ဒဏ်ရာဟာ သရဲနီကို အရမ်းချစ်တဲ့ ဒေးဗစ် တစ်ယောက်အတွက် ကံဆိုးမှုတွေကို ဖြစ်ပေါ်လာခဲ့တဲ့ နိမိတ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက် ၂၀၀၃ ခုနှစ် အာဆင်နယ် အသင်းနဲ့  FA ဖလား ကန်တဲ့ ပွဲမှာ နည်းပြကြီး ဖာဂူဆန် နဲ့ အဆင်မပြေ ဖြစ်ပြီး ယူနိုက်တက် ကစားသမားဘဝ ကုန်ဆုံးဖို့  အခြေအနေတွေ ဖြစ်ပေါ်လို့ လာခဲ့ပါတယ်။ ဒေးဗစ်ဟာ မန်ယူနဲ့ နောက်ဆုံး ရာသီမှာ ပွဲပေါင်း ၅၂ ပွဲကစားခဲ့ပြီး ဂိုးပေါင်း ၁၁ဂိုးသွင်းယူ ခဲ့ပါတယ်။ ဒေးဗစ်ရဲ့ မန်ယူကစားသမား ဘဝမှာ ပွဲပေါင်း ၂၆၅ ပွဲ ကစားခဲ့ပြီး ဂိုးပေါင်း ၈၂ဂိုး သွင်းယူပေး ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်ကတော့ ဒေးဗစ်တစ်ယောက် သူ အရမ်းချစ်တဲ့ မန်ယူ အသင်းကြီးကို စွန့်ခွာဖို့ အချိန်ကျရောက် လာခဲ့ပါတယ်။ စပိန်ကလပ် အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာက ဒေးဗစ်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းလာခဲ့ပြီး နှစ်ဖက် အသင်းကလည်း သဘောတူညီမှု ရရှိဖို့ နီးပါးခဲ့ ပါသေးတယ်။ သို့သော်လည်း စပိန်ရဲ့ နောက်ထပ် အသင်းကြီး ဖြစ်တဲ့ ရီးရဲယ် အသင်းက ဒေးဗစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း ပေးကာ လေးနှစ်စာချုပ်နဲ့  ကြားဖြတ် ခေါ်ယူသွား ခဲ့ပါတယ်။


ကျွန်တော် စာရေးသူ အနေနဲ့  ဒီမှာဘဲ ဒေးဗစ်ဘက်ခမ်းရဲ့ အကြောင်းကို ဝမ်းနည်းစွာနဲ့ဘဲ ရပ်လိုက် ရပါတော့မယ်။ ဒေးဗစ်လို ဘောလုံးမင်းသား တစ်ယောက် နောက်ထက် ထက်ပြီး ပေါ်လာဖို့ ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ မန်ချက်စတာ ယူနိုက်တက်မှာ နံပါတ် ၇ ဂျာစီ ပိုင်ရှင်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊ ဒေးဗစ်လို ဖရီးကစ်ပိုင်ရှင် ဒါ့အပြင် ဘောလုံး ကစားတဲ့ နေရာမှာ စိတ်ထားဖြူစင်စွာ ထားပြီး ကစားတတ်မှုတွေက ယူနိုက်တက် ပရိတ်သတ်တွေ အတွက်တော့ အမြဲတမ်း သတိရစရာ ဖြစ်နေမှာပါ။ နည်းပြကြီး ဖာဂူဆန်နဲ့ ဘာတွေဘဲ ဖြစ်ခဲ့ဖြစ်ခဲ့ မန်ယူပွဲတွေဆို ပွဲကြည့်စင်ပေါ်ကနေ အပြုံးမပျက်၊ နှလုံးအေးစွားနဲ့ အမြဲတမ်း အားပေးနေတဲ့ ဒေးဗစ်ရဲ့ အပြုံးဟာ မန်ယူပရိတ်သတ်တွေ အတွက် အားဆေးတစ်ခွက် ဖြစ်သလို၊ မျက်ရည်စတွေကိုလည်း ဖြစ်ပေါ်စေ ခဲ့ပါတယ်။ သူ့ရဲ့ နွေးထွေးတဲ့ အပြုံးတွေဟာ မန်ယူအသင်းကနေ သူ့ကို ဘယ်အချိန် ပြန်ခေါ်မလဲဆိုပြီး စောင့်မျှော်နေတာ ဖြစ်တယ်လို့ ခံစားရပါတယ်။ တစ်ခြား အသင်းက ကစားသမားဟောင်းတွေ သူတို့ရဲ့ အသင်းဟောင်းကို အငှားစာချုပ်တွေနဲ့ ပြန်လာ ကစားတဲ့ အချိန်မှာ ဒေးဗစ် တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက်ထိ ခံစားရမလဲ ဆိုတာ မန်ယူပရိတ်သတ်တွေ အနေနဲ့ မေးနေစရာ မလိုအောင် သိနေပြီ ဖြစ်ပါတယ်။ မန်ယူ ပရိတ်သတ်တွေ အနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဘောလုံးမင်းသား ဒေးဗစ်ဘက်ခမ်းကို ထာဝရ ရင်ထဲမှာ သတိရနေမယ်လို့ ထင်ပါတယ်။ အသင်း အပေါ် လေးစားမှု၊ ချစ်ခင်မှု ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အပြုံးမပျက် အားပေးနေတဲ့ ဒေးဗစ်တစ်ယောက် သူတစ်ချိန်က အောင်မြင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကစားသမား တစ်ယောက် အနေနဲ့ဘဲ ဖြစ်ဖြစ် တစ်ခြား အကြောင်းအရာနဲ့ဘဲ ဖြစ်ဖြစ် ပြန်လည် လာရောက်နိုင်ပါစေလို့ ကျွန်တော် စာရေးသူ အနေနဲ့ ဆုတောင်း လိုက်ပါတယ်။

အောက်ပါ အချက်အလက် များကတော့ ဒေးဗစ်ဘက်ခမ်း တစ်ယောက် မန်ယူအသင်းနဲ့ အတူ အောင်မြင်မှုရခဲ့တဲ့ နှစ်တွေ ဖြစ်ပါတယ်။

Manchester United
Premier League (6): 1995–96, 1996–97, 1998–99, 1999–2000, 2000–01, 2002–03
FA Cup (2): 1995–96, 1998–99
FA Community Shield (4): 1993, 1994, 1996, 1997
FA Youth Cup (1): 1991–92
UEFA Champions League (1): 1998–99
Intercontinental Cup (1): 1999

ကျွန်တော် အခုလို ရေးဖြစ်သွားတာဟာ သရဲနီ တို့ရဲ့ ထာဝရ ဘောလုံးမင်းသားကြီး ဒေးဗစ်ဘက်ခမ်း အကြောင်းကို အကျဉ်းချုပ် ရေးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အချက်အလက် အမှားများ ပါရှိခဲ့မယ် ဆိုရင်လည်း နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။ နောင်လည်း မန်ယူနဲ့ ပတ်သက်ပြီး ရေးသားဖို့ ကြိုးစားသွားပါမယ်။

Thant Smart